June 2017

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ

နေပြည်တော် ၂၀၁၇ ဇွန် ၃၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၁း၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ဦးစီးဌာနရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

standard

ထိန်ညိုတောင်ကိုကျော်၍ နာဂသွေးချင်းများရှိရာဆီသို့

လဟယ်ဆိုသည့်အသံကြားလိုက်သည်နှင့် တော်တော်များများက တွန့်သွားတတ်ကြသည်။ သွားလေရော့ လဟယ်ဆိုသည့် စကားစုနှင့်တွဲဖက် ၍ ဝိသေသပြုလိုက်သောအခါ လဟယ်ဆိုသည် မှာ အလွန်ဝေးလံသော၊ အလွန်ခေါင်ဖျားသော၊ အလွန်သွားလာရခက်ခဲသော နေရာဒေသတစ်ခု အဖြစ် မြင်သွားတတ်ကြသည်။ တွေးထင်သွားတတ် ကြသည်။ စိုးရိမ်ပူပန်မှုတွေ မြင့်တက်သွားတတ် ကြသည်။ သောကတွေ ဝေသွားတတ်ကြသည်။ သို့သော်...

standard

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UN-REDD Programme တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းကြောင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချခြင်း (REDD+) ဆိုင်ရာ နည်းဗျူဟာမူကြမ်းအား ဆွေးနွေးညှိနှိုင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UN-REDD Programme တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းကြောင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချခြင်း (REDD+) ဆိုင်ရာ နည်းဗျူဟာမူကြမ်းအား ဆွေးနွေးညှိနှိုင်းပွဲ အခမ်းအနားအား ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ UN-REDD Programme မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

standard