September 2017

နယ်စပ်ရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းဆင်းပွဲကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာလ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ယနေ့နံနက် (၁၀:ဝဝ)နာရီတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ အရာထမ်း၊အမှုထမ်းများ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းဆင်းပွဲ သို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁)မှ လေ့လာရေး သင်တန်းသား၊ သင်တန်းသူများအားတွေ့ဆုံ

နေပြည်တော် စက်တင်ဘာလ၂၇ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် လေ့လာရေး ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ်၊ ပညာရေး ဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြားပါသည်။

standard

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Terra People Association (TPA) ၏ Project Manager ဖြစ်သူ Ms. Shibata Kyoko လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Terra People Association (TPA) ၏ Project Manager ဖြစ်သူ Ms. Shibata Kyoko သည် ယနေ့ နေ့လည် (၁၃:၀၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

BAJ အဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း ကျောင်း (၁၀၀) ဆောက်လုပ်ရေးစီမံကိန်း၏ပဉ္စမနှစ် စီမံကိန်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များဆိုင်ရာအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆

     နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှ-ဂျပန် ပေါင်းကူးအဖွဲ့ (BAJ) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်း ကျောင်း (၁၀၀) ဆောက်လုပ်ရေးစီမံကိန်း၏ စီမံကိန်းပဉ္စမနှစ် ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ ၌ (၂၆-၉-၂၀၁၇) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

standard