February 2018

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် (၂၁-၂-၂၀၁၈)ရက်နေ့မှ (၂၄-၂-၂၀၁၈)ရက်နေ့အထိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(မိတ္ထီလာ)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းများဖွင့်လှစ်

ရန်ကုန် ဖေဖော်ဝါရီ ၁၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်းအမှတ်စဉ် (၂၉)၊ ပစ္စည်းထိန်းသင်တန်းအမှတ်စဉ် (၆) နှင့် ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၂၀) သင်တန်းများဖွင့်ပွဲအခမ်းအနားကို ၁၉-၂-၂၀၁၈ ရက်နေ့နံနက် (၀၉:၀၀) နာရီတွင် ဗဟိုလေ့ကျင်းရေးကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်မှ ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့် တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြား ခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၏ အင်ဂျင်နီယာအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီး ခဲ့သော (၁၅၂×၅၆)’ သံကူကွန်ကရစ် နှစ်ထပ်တိုးချဲ့ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၄၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Swiss Agency for Development and Cooperation -SDC တို့အကြား နားလည်မှုစာချွန်လွှာ သက်တမ်းတိုး လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီလ ၁၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Swiss Agency for Development and Cooperation -SDC) တို့အကြား နားလည်မှုစာချွန်လွှာ ဒုတိယအကြိမ်ပြင်ဆင်ချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့ နံနက် (၁၀:၀၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား စင်ကာပူနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီ ၁၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Ms. Vanessa Chan သည် ယနေ့ နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard