July 2018

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် JICA (ဂျပန်) ရုံးချုပ်မှ Advisory Mission Leader ဖြစ်သူ Mr. Minoru YOSHIDA နှင့် JICA (မြန်မာ) ရုံးမှ Coordinator ဖြစ်သူ ဦးတင်မောင်ကြီးတို့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၆
          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများလိုက် ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇေယျာအောင်မြေလမ်းနှင့် လှရွှေစင်လမ်းထောင့် (NRPCရုံးအနီး)တွင် တည်ဆောက်လျက်ရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ 6U 4S (3-BED) အဆောက်အဦအသစ် (၁)လုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူးတို့ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်    ဇူလိုင် ၂၄
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa သည် ယနေ့မွန်းလွဲ (၁) နာရီတွင် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး Ms. Cun Min ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံသည်။

standard