စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၁)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ် (၃၄)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၀၄) လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဆင်းပွဲကျင်းပ

ရန်ကုန်၊ ဧပြီ  ၅  ရက်  
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သည့် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၁)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ် (၃၄)၊ စာရေး ဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၀၄)သင်တန်းများဆင်းပွဲအခမ်းအနားကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၄၀)ဦးဖြင့် ဖွင့်လှစ် လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။
    အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၄-၁-၂၀၁၉) မှ (၅-၄-၂၀၁၉) ရက်နေ့ထိ ရက်သတ္တ(၁၂)ပတ် ကြာမြင့်ခဲ့ပါသည်။

Post Paragraph