ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

ရည်မှန်းချက် ၄ ရပ်

၁။  တိုင်းရင်းသားလူမျိုးအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်။

၂။  တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကိုမြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်။

၃။  တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊အဆင့်မြင့်ပညာနှင့်

      အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရန်။

၄။  တိုင်းရင်းသားလူငယ်များ၏ မိမိဒေသဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့်ထမ်းဆောင်စေရန်။

လုပ်ငန်းစဉ် ၉ ရပ်

၁။   နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ

      ရေးဆွဲဆောင်ရွက်မည်။

၂။  နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာ အလယ်တန်းမှ

      အထက်တန်းအထိ အခမဲ့ပညာသင်ကြားပေးခြင်းများ ဆောင်ရွက်မည်။

၃။  အခြေခံပညာအထက်တန်း အောင်မြင်သည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုတိုင်းရင်းသား

    လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

     များတွင် အဆင့်မြင့်ပညာမျာ းသင်ကြားပေးခြင်းနှင့် သင့်လျော်သည့် အခြားတက္ကသိုလ်များသို့

      တက်ရောက်စေမည်။

၄။  နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွနေထိုင် ပညာရှာမှီးရင်း နားလည်ရင်းနှီးချစ်ကြည်

     စေပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲလာစေရန် ပြုစုပျိုးထောင် ပေးခြင်းများ ဆောင်ရွက်မည်။

၅။ နယ်စပ်ဒေသရှိတိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု

    မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန်

     ပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်။

၆။  အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်၌ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ခန့်အပ်၍

      မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေမည်။

၇။  နယ်စပ်ဒေသရှိတိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာရပ်များသင်ကြားပေးခြင်း

     နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး

     ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးမည်။

၈။  နယ်စပ်ဒေသရှိတိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များသင်ကြားပေးခြင်းဖြင့် ဒေသတွင်း

     ကျွမ်းကျင်လုပ်သားများ ဖြစ်ထွန်းလာစေပြီး၊ အသေးစားကုန်ထုတ်လုပ်ငန်းများနှင့်အသေးစား

     စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်။

၉။ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို

     ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊

     အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပူးပေါင်း

    ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်မည်။