နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA မှ ကာလဝက်ဆန်းစစ် အကဲဖြတ်မှုမစ်ရှင် အဖွဲ့ဝင်ဖြစ်သူ Mr. Akihiro MOCHIZUKI လာရောက်တွေ့ဆုံ

by ThuzarMbadm1n / Nov 07, 2016 / 0 comments

နေပြည်တော်၊  ၂၀၁၆ ခုနှစ်၊  နိုဝင်ဘာလ ၇ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဆောင်ရွက်လျက်ရှိသည့် ဘိန်း စိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ ကာလဝက်ဆန်းစစ်အကဲဖြတ်မှု မစ်ရှင်အဖွဲ့ဝင်ဖြစ်သူ Mr. Akihiro MOCHIZUKI အား (၇-၁၁-၂၀၁၆) ရက်နေ့ နံနက် (၁ဝ:ဝ၀) နာရီ တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် JICA မှ ကာလဝက် ဆန်းစစ်အကဲဖြတ်မှု မစ်ရှင်အဖွဲ့ဝင်ဖြစ်သူ Mr. Akihiro MOCHIZUKI မှ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ အကျိုးရလဒ် ဖြစ်ထွန်းမှုအခြေအနေ၊ စီမံကိန်းမူဘောင်ပြင်ဆင်ရေး ကိစ္စရပ်များ၊ စီမံကိန်း ရေရှည်တည်တံ့ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပါသည်။