နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခြင်း

     နိုင်ငံတော်အစိုးရအဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ၂၅-၅-၈၉ ရက်စွဲပါ အမိန့် အမှတ် (၂၃/၈၉) ဖြင့် အဖွဲ့ဝင် (၅) ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ ြပည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၅-၁၁-၂၀၁၆ ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ် (၁၁၀/၂ဝ၁၆) ဖြင့် အဖွဲ့ဝင် (၂၄) ဦး ဖြင့် အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်-

စဉ်

အမည်၊ ရာထူး၊ ဌာန      

တာဝန်

(က)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

   ဥက္ကဌ

( ခ)

ဒုတိယသမ္မတ (၁)

ဒုတိယဥက္ကဌ

( ဂ)

ဒုတိယသမ္မတ (၂)

အဖွဲ့ဝင်

(ဃ)

ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန

အဖွဲ့ဝင်

( င)

ပြည်‌ထောင်စုဝန်ကြီး၊ ကာကွယ်‌ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(စ)

ပြည်‌ထောင်စုဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

အဖွဲ့ဝင်

( ဆ)

ဝန်ကြီးချုပ်အားလုံးတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

အဖွဲ့ဝင်

( ဇ)

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)

အဖွဲ့ဝင်

( ဋ)

ညွှန်ကြား‌ရေးမှူး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး

အဖွဲ့ဝင်

( ဌ)

ပြည်‌ထောင်စုဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန

အတွင်း‌ရေးမှူး

( ဍ)

ဒုတိယဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန

တွဲဘက်အတွင်း‌ရေးမှူး


ဗဟိုကော်မတီ၏ တာဝန်များ

(က) ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ခြင်း၊
( ခ) ဝန်ကြီးဌာနကရေးဆွဲပြီး လုပ်ငန်းကော်မတီမှတဆင့် တင်ပြလာသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အတည်ပြုခြင်း၊ လမ်းညွှန်ခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း၊
( ဂ) နယ်စပ်ဒေသများတွင် လတ်တလော ဆောင်ရွက်ရန်သင့်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်ပေး၍ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း၊
(ဃ) တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ဓလေ့ထုံးစံများ ထိန်းသိမ်းရေးကို ရှေးရှုလျက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း၊
( င) နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် လုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ အခြေအနေများကို ထိန်းသိမ်းသည့်အစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း၊
( စ) တိုးချဲ့ဆောင်ရွက်သင့်သော ဖွံ့ဖြိုးရေးဒေသများကို သတ်မှတ်နိုင်ရန် အဆုံးအဖြတ်ပြုခြင်း။


ဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်များ

(က) လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်၊
( ခ) လုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်၊ လိုအပ်လျှင်ဒုတိယဥက္ကဌနှင့် တွဲဖက်အတွင်းရေးမှူး  တို့ကို သတ်မှတ်ပေးနိုင်သည်။

    
     နိုင်ငံတော်အစိုးရအဖွဲ့သည် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၃၁-၅-၈၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၈၉) ဖြင့် အဖွဲ့ဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၅-၁၁-၂၀၁၆ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၉/၂ဝ၁၆) ဖြင့် အဖွဲ့ဝင် (၃၃) ဦးဖြင့် လုပ်ငန်း ကော်မတီကို အောက်ပါအတိုင်း အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်-

စဉ်

အမည်၊ ရာထူး၊ ဌာန      

တာဝန်

(က)

ပြည်‌ထောင်စုဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန

   ဥက္ကဌ

( ခ)

ဒုတိယဝန်ကြီး၊ပြည်ထဲ‌ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

( ဂ)

ဒုတိယဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဃ)

ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်

( င)

ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

( စ)

ဒုတိယဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဆ)

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအားလုံး                         တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

အဖွဲ့ဝင်

(ဇ) ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် အဖွဲ့ဝင်

(စျ)

အမြဲတမ်းအတွင်းဝန်၊ သမ္မတရုံးဝန်ကြီးဌာန

အဖွဲ့ဝင်

( ည)

အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဋ)

အမြဲတမ်းအတွင်းဝန်၊ သာသနာရေးနှင့် ယဉ်ကေးမှုဝန်ကြီးဌာန

အဖွဲ့ဝင်

( ဌ)

အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

အဖွဲ့ဝင်

( ဍ)

အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အဖွဲ့ဝင်

( )

အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဏ)

အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အဖွဲ့ဝင်

(တ)

အမြဲတမ်းအတွင်းဝန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ထ)

အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဒ)

အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

အတွင်း‌ရေးမှူး

(ဓ)

ဒုတိယဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန

အတွင်း‌ရေးမှူး

(န) ညွှန်ကြား‌ရေးမှူးချုပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေးဉီးစီးဌာန တွဲဖက်အတွင်း‌ရေးမှူး


လုပ်ငန်းကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

(က) ဝန်ကြီးဌာနက ရေးဆွဲတင်ပြသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို စိစစ်၍ ဗဟို ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခြင်း၊
( ခ) ဗဟိုကော်မတီက အတည်ပြုပြီးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် လုပ်ငန်း များကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊
( ဂ) ဗဟိုကော်မတီက လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ လမ်းညွှန်ခြင်း နှင့် လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊
(ဃ) ဗဟိုအဆင့်တွင် လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း၊
( င) ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ ဖွဲ့စည်းခြင်းနှင့် တာဝန်များ သတ်မှတ်ပေးခြင်း။

    
     နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ၃၁-၅-၈၉ ရက်နေ့မှ စတင်၍ လုပ်ငန်းဆပ်ကော်မတီ (၁၃) ခု ဖွဲ့စည်းခဲ့ရာ ၃-၁ဝ-၉၄ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၃/၉၄) ဆုံးဖြတ်ချက်အရလည်းကောင်း၊  နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၁၁) အရလည်းကောင်း၊ လုပ်ငန်းနှင့် သက်ဆိုင် သည့် ဝန်ကြီးဌာနများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများအား ဥက္ကဌအဖြစ် တာဝန်ပေးအပ်၍ ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော လုပ်ငန်း ဆပ်ကော်မတီ (၁၈) ခုကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၄-၈-၂ဝ၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆ဝ/၂ဝ၁၂)ဖြင့် ‘လုပ်ငန်းဆပ်ကော်မတီ (၁၃)ခု’ကို လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရု့း၏ ၁၆-၁၁-၂၀၁၆ ရက်စြွပါ အမိန့်အမှတ် (၈/၂၀၁၆) ဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆပ်ကော်မတီ (၇) ခုကို ပြင်ဆင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-

(က)

လမ်း/တံတားလုပ်ငန်းဆပ်ကော်မတီ၊

( ခ)

ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ၊

( ဂ)

ပညာရေးလုပ်ငန်းဆပ်ကော်မတီ

(ဃ)

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆပ်ကော်တီ

( င)

စွမ်းအင်လုပ်ငန်းဆပ်ကော်မတီ၊

( စ)

သာသနာရေးလုပ်ငန်းဆပ်ကော်မတီ

(ဆ) လူမှုဝန်ထမ်းလုပ်ငန်းဆပ်ကော်မတီ

      နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၁၃-၆-၈၉ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများ၊ ပြည်နယ် ဥက္ကဌများမှ ဥက္ကဌ အဖြစ်ဆောင်ရွက်သော  ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁၁) ခုကို  ဖွဲ့စည်းခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆/၁၁) အရ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌများအဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များအား တာဝန်ပေးအပ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂.၅.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၂) ဆုံးဖြတ်ချက်အရအောက်ပါအတိုင်း  "ဒေသဆိုင်ရာလုပ်ငန်း​ကော်မတီ (၉) ခု" ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်-

(က)  ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( ခ)    ရှမ်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( ဂ)   ကယားပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

(ဃ)  ကရင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( င)   မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( စ)   တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီ  

(ဆ)  ရခိုင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

( ဇ)   ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

(စျ)   စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

There is currently no content classified with this term.