နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဖွင့်လှစ်

by ThuzarMbadm1n / Oct 16, 2017 / 0 comments

နေပြည်တော်၊ အောက်တိုဘာလ ၁၆ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၄) ကျောင်းမှ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးချွန်ထက်မြက်သူများဖြစ်အောင် လေ့ကျင့်ပြုစုသင်ကြားပေးလျက်ရှိသည့် သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ဒုတိယ ကျောင်းအုပ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၆-၁၀-၂၀၁၇ ရက်နေ့ နံနက်(ဝ၉:ဝဝ) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးမှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

     အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ(၄၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင့်မှုသင်တန်းအား ၁၆-၁၀-၂၀၁၇ ရက်နေ့မှ ၂၇-၁၀-၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။