နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အဆင့်မြင့်အရာထမ်းများ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

by ThuzarMbadm1n / Nov 06, 2017 / 0 comments

နေပြည်တော် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့် အရာထမ်းများ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၅၁) ရပ်ကွက်ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်း၌ ကျင်းပရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။


     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းတို့ နားလည်မှု စာချွန်လွှာအရ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်းများကို ဖွင့်လှစ်ပြီး သင်တန်းဆင်းပြီးသူများအား ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စေလွှတ် ပေးလျက်ရှိသည်။

     သင်တန်းဖွင့်ပွဲသို့ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အဆင့်မြင့်အရာထမ်း (၁၅) ဦး တက်ရောက်ပြီး သင်တန်းကာလ ရက်သတ္တတစ်ပတ် ကြာမြင့် မည်ဖြစ်ကြောင်း သတင်းရရှိသည်။