နယ်စပ်ရေးရာဝန်ကြီးဌာန လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့

by ThuzarMbadm1n / Jul 07, 2014 / 0 comments

နေပြည်တော်  ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ  ၇ ရက်

     မြန်မာအမျိုးသမီးများ အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိလိုသူများနှင့် ကိုယ်ပိုင် စက်ချုပ်ဆိုင် ဖွင့်လှစ်လုပ်ကိုင်လိုသူများအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန လက်အောက်ရှိ အောက်ပါကျောင်းများတွင် ခေတ်မှီ မော်တာအထည်ချုပ်စက်များနှင့် စာတွေ့လက်တွေ့ (၃)လ သင်ယူပြီးနောက်  အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင် ရရှိသည်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ သင်တန်းကာလအတွင်း သင်တန်း သူများ၏ နေထိုင်၊စားသောက်ရေးအတွက် အခမဲ့စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အခြေခံပညာ မူလတန်း အောင်မြင်ပြီးသူ အမျိုးသမီးများ အားလုံး လျှောက်ထား တက်ရောက်နိုင်ပါသည်။

     ဆက်သွယ်လိုပါက ညွှန်ကြားရေးမှူးချုပ် (၀၆၇-၄၀၉၀၃၁) ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခြေခံ) (၀၆၇-၄၀၉၂၁၉)၊  ညွှန်ကြားရေးမှူး(စီမံ) (၀၆၇-၄၀၉၀၃၄)၊ ညွှန်ကြာရေးမှူး (အိမ်တွင်း မှု) (၀၆၇-၄၀၉၄၁၇)၊ အိမ်တွင်းမှု သင်တန်းကျောင်းများဌာနခွဲ (၀၆၇-၄၀၉၄၂၁) များသို့ မေးမြန်းစုံစမ်း နိုင်ပါသည်။ ဝန်ကြီးဌာန  Website  -  www.mba.gov.mm တွင်ကြည့်ရှု့နိုင် ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့မှ ဖွင့်လှစ်ပို့ချလျက်ရှိသော အသက်မွေးဝမ်း ကျောင်းသင်တန်းများ
 

စဉ်

အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်းပညာ
သင်တန်းကျောင်းအမည်

စဉ်ဆက်မပြတ်ဖွင့်လှစ်မည့်သင်တန်းများ

သင်တန်းအမျိုးအမည်

ကာလ

စားစရိတ်/
အ‌ဆောင်

သင်တန်းစရိတ်

သင်တန်းဆင်း
လက်မှတ်အဆင့်

သင်တန်း
ဖွင့်လှစ်မည့်ရက်

သင်ထောက်ကူ
ပစ္စည်း

 

ဗဟိုလေ့ကျင့်ရေးကျောင်း
မြောက်ဒဂုံ(၅၁)ရက်ကွက်
ရန်ကုန်မြို့

အဆင့်မြင့်စက်ချုပ်သင်တန်း

၈ပါတ်

အခမဲ့

အခမဲ့

ဌာနအသိအမှတ်ပြု

Certificate

၀၁/၀၈/၂၀၁၄

 

ဗန်းမော်၊လားရှိုး၊ကျိုင်းတုံ၊
လွိုင်ကော်၊ဘားအံ၊မုဒုံ၊
မြိတ်၊မောင်တော၊ဟားခါး၊

ပခုက္ကူ၊ ယင်းမာပင်

အခြေခံအိမ်တွင်းမှုနှင့်
စက်ချုပ်သင်တန်း
အဆင့်မြင့်စက်ချုပ်
သင်တန်း

၁၂ပါတ်

အခမဲ့

အခမဲ့

ဌာနအသိအမှတ်ပြု

Certificate

၂၅/၀၈/၂၀၁၄