ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံလူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဌ/ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)နှင့် ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေသို့သွားရောက်လေ့လာ

by ThuzarMbadm1n / May 13, 2019 / 0 comments

နေပြည်တော် မေ ၁၁

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဌ/ဒုတိယဝန်ကြီး H.E.Mr Phan Van Hung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အတူ (၈-၅-၂၀၁၉) ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သို့ သွားရောက် လေ့လာခဲ့ရာ ကျောင်းအုပ်ကြီးမှ လေ့ကျင့်သင်ကြားနေ့မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ချစ်ကြည်ရေးခရီးစဉ် အမှတ်တရအဖြစ် ကံ့ကော်ပင်အား စိုက်ပျိုးခဲ့ကြသည်။

          ဆက်လက်၍ ဗီယက်နမ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် (၉-၅-၂၀၁၉) ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တာဝန်ရှိသူများနှင့်အတူ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့သွားရောက်၍ အာနန္ဒာဘုရားအားဖူးမြော် ကြည်ညိုခဲ့ကြ သည်။ ထို့နောက် ဦးဘငြိမ်းယွန်းထည်လုပ်ငန်း၊ အနော်ရထာမင်းတရားကြီးနှင့် ကျန်စစ်သားမင်းကြီး တို့၏ နန်းတော်ရာ တူးဖော်နေမှုနှင့် ပုပ္ပါးတောင်ကလပ်အား ကြည့်ရှုလေ့လာခဲ့ကြသည်။

ဗီယက်နမ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် (၁၀-၅-၂၀၁၉) ရက်နေ့တွင် ပုဂံမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပြီး လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် တာဝန်ရှိသူများက လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။