ဝန်ကြီးဌာနနောက်ခံသမိုင်းကြောင်း

     မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် အချိန်မှစတင်၍ တိုင်းရင်းသားအချင်းချင်းအထင် အမြင်လွဲမှားမှု၊ အယူအဆ ကွဲပြားမှုများကြောင့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အမျိုး မျိုး ပေါ်ပေါက်လာမှုကြောင့် ခေတ်အဆက်ဆက် အစိုးရများသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြပါ။ ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ တရားဥပဒေ ဘောင်အတွင်း စတင်၀င်ရောက်လာသည့်အချိန်၊ တိုင်းပြည် တည်ငြိမ်အေးချမ်း သာယာရေး လုပ်ငန်းများနှင့်အတူ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကိုသာ တစ်ဆင့်ထက်တစ်ဆင့် တိုးမြှင့်ပြီး စနစ်တကျ စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး” တည်းဟူသော အမျိုးသားရေးတာဝန် (၃) ရပ်၊ တစ်နည်းအားဖြင့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျှက် နယ်မြေအေးချမ်း သာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရှေးရှု၍ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၁၉၈၉ ခုနှစ်တွင် အင်တိုက် အားတိုက် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံး လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး လုပ်ငန်း ကော်မတီရုံးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက် တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင်ဖွဲ့စည်း ခဲ့ပါသည်။ နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွင်လှစ်ဆောင်ရွက်ရာမှ လုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့် အညီ မျက်ခြည်မပြတ်ကွပ်ကဲကြပ်မတ် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်(၂၄−၉−၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၉၂)ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို ဖွဲ့စည်း ပေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်း လိုအပ်ချက်အရ (၃၀−၁−၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၉၄) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက် ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ နိုင်ငံတော်သမ္မတ ရုံး၏ (၃၀−၃−၂၀၁၁) ရက်စွဲပါ စာအမှတ် (၄/၂၀၁၁) အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအား ရပ်ဆိုင်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

There is currently no content classified with this term.