အခြေခံ

အခြေခံပညာကဏ္ဍ

     နယ်စပ်ဒေသများမှ မိဘမဲ့၊ မိမဲ့၊ ဘမဲ့၊ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားလူငယ်များကို အခြေခံပညာ ပဉ္စမတန်းမှ ဒသမတန်းထိ နိုင်ငံတော်စရိတ်ဖြင့် အခမဲ့ပြုစုပျိုးထောင်ရန် အတွက် လူငယ် သင်တန်းကျောင်း(၄၄)ကျောင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မူလတန်း(၃၅)ဦး၊ အလယ်တန်း(၄၄၅၂)ဦး၊ အထက်တန်း (၁၈၁၈)ဦး၊ စုစုပေါင်း(၆၃၀၅)ဦးတို့ ပညာ သင်ကြားပေးခဲ့ပါသည်။

     နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများအပြင် ပရဟိတ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်ကြီး များ၏ ဒေသအလိုက် မေတ္တာရပ်ခံချက် များအပေါ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီမှ ခွင့်ပြုချက်အရအထောက်အပံ့ခံကျောင်းအဖြစ် သတ်မှတ်ပြီး ကျောင်းသားတစ်ဦး တစ်နေ့လျှင် ဆန်နို့ဆီဗူး  ၂ ဗူး နှုန်းဖြင့် အထောက်အပံ့ခံကျောင်း(၂၉)ကျောင်းအား ထောက်ပံ့ပေးလျက်ရှိပါသည်။ ၄င်းတို့အနက် ဘူးသီးတောင် ဂန္ဓာရီ၊ မောင်တော ဇောတိကာရုံ၊ မောင်တောအလိုတော်ပြည့်၊ ကျောက်တော်အပေါက်ဝ ပရဟိတကျောင်း၊ ခေတ်အေးကျေးရွာ သုဇနကာရီ ပရဟိတကျောင်း၊ ဗဟန်းမြို့နယ် အောင်မြေသုခ၊ ပျဉ်းမနားမြို့နယ် ခေမာသီဝံဘုန်းတော်ကြီးပညာသင်ကျောင်းများရှိ ကျောင်းသားများအား ဆန်(၂)ဗူး အပြင် (၁)ရက် (၁)ဦးလျှင် စားစရိတ် ၁၁၂ ကျပ် ၅ဝါး ထောက်ပံ့ပေးလျက်ရှိပါသည်။

     ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် လူငယ်သင်တန်း‌ကျောင်းများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ(၈၂၃)ဦးအနက် ကျောင်းသား(၁၅၄)ဦးနှင့်‌ ကျောင်းသူ(၉၀)ဦး၊ စုစုပေါင်း (၂၄၄)ဦး အောင်မြင်ခဲ့ ပါသည်။

     ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အထိ ‌ လူငယ်သင်တန်း‌ကျောင်းများမှ တက္ကသိုလ်ဝင်တန်း‌အောင်မြင်ခဲ့‌သော ကျောင်းသား(၁၄၄၂)ဦးနှင့်‌ ကျောင်းသူ (၃၆၂)ဦး၊ စုစု‌ပေါင်း (၁၈ဝ၄)ဦးတို့သည် ‌အောက်ပါအတိုင်း အဆင့်မြင့်ပညာရပ်များ တက်‌ရောက်‌ခဲ့ ပါသည်-

(က) ဆေးတက္ကသိုလ်     ၅ ဦး
( ခ)    တပ်မ‌တော်‌ဆေးတက္ကသိုလ်   ၁ ဦး
( ဂ)    စစ်တက္ကသိုလ်    ၇ ဦး
(ဃ)    ပြည်‌ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးတက္ကသိုလ် B.Ed. ၁၆၅ ဦး
( င)    နည်းပညာတက္ကသိုလ်           ၄ ဦး
( စ)    ပြင်ပတက္ကသိုလ်   ၂၁ဝဦး
 (ဆ)    ပြည်‌ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုး‌ရေးဒီဂရီ‌ကောလိပ် ၁၃၅၃ ဦး
(ဇ)    ပညာ‌ရေး‌ကောလိပ်            ၂၈ ဦး
(ဈ)    သူနာပြုသင်တန်း   ၁၆ ဦး
(ည)    သားဖွားသင်တန်း        ၁၅ ဦး
    စုစု‌ပေါင်း                        ၁၈ဝ၄ ဦး