နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်း၏ Chief Advisor ဖြစ်သူ Mr. Satoru HAGIWARA မှ လာရောက်

by ThuzarMbadm1n / Feb 01, 2018 / 0 comments

နေပြည်တော် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်း၏ Chief Advisor ဖြစ်သူ Mr. Satoru HAGIWARA အား (၁-၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်း၌ လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် JICA မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် အစားထိုးဖွံ့ဖြိုးတိုးတက်ရေး ဆရာဖြစ်သင်တန်း ဆောင်ရွက်နေမှုတို့၏ တိုးတက်မှု အခြေအနေများ၊ ၂၀၁၈-၂၀၁၉ စီမံကိန်းကာလအတွင်း ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။