၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမရက် (၁၀၀) အတွင်း ဆောင်ရွက်လျက်ရှိသည့် သောက်သုံးရေကန်(၁၀၀) တူးဖော်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

by ThuzarMbadm1n / May 26, 2016 / 0 comments

၂၀၁၆ခုနှစ်၊  မေလ ၂၆ ရက်

     နယ်စပ်ရေးရာ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် ဦးရဲနိုင်သည် (၂၃-၅-၂၀၁၆) ရက်နေ့မှ (၂၅-၅-၂၀၁၆) ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ တွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်အတွင်း  ပြည်သူ့အတွက် ပထမရက် (၁၀၀) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် သောက်သုံး ရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားနှင့် မြေပုံမြို့နယ်များရှိ ကျေးရွာများ၌ သောက်သုံးရေကန် တူးဖော်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာလူထုနှင့် တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသတွင် လိုအပ်ချက်ဖြစ်ပေါ်နေသော သောက်သုံးရေ ကန်များ ပြန်လည်တူးဖော်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေ ပြည်သူများဘက်မှလည်း သောက်သုံး ရေကန် များကို  ရေရှည်သုံးစွဲ နိုင်ရေးအတွက် စနစ်တကျ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားကြရန်နှင့် သောက်သုံးရေများ ကျန်းမာရေးနှင့် ညီညွတ်စေရန် ကျွဲ၊ နွား၊ တိရစ္ဆာန် များဝင်ရောက်မှုမရှိအောင် ခြံစည်းရိုး ကာရံ ထားသည်များ ပျက်စီးမှု မရှိစေရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးခြင်းဖြင့် ရေရှည်သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။

     နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရက် (၁၀၀)စီမံကိန်းတွင် သောက်သုံးရေကန်များအား ပြန်လည်တူးဖော်ဆောင်ရွက်ပေးရာတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၌ ရေကန်(၅)ကန်၊ မြောက်ဦး မြို့နယ် တွင် ရေကန်(၅)ကန် ၊ မြေပုံမြို့နယ်တွင် ရေကန်(၄)ကန်၊ မင်းပြားမြို့နယ်တွင် ရေကန်(၄)ကန် ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်  ရေကန်(၇)ကန်၊ တောင်ကုတ် မြို့နယ်တွင်  ရေကန်(၄) ကန်၊ အမ်းမြို့နယ် တွင်  ရေကန်(၃)ကန်၊ ပေါက်တောမြို့နယ်တွင် ရေကန်(၅) ကန်၊ ကျောက်ဖြူမြို့နယ်တွင်  ရေကန်(၇)ကန်၊ ရမ်းဗြဲမြို့နယ်တွင် ရေကန်(၄)ကန်၊ မာန်အောင်မြို့နယ်တွင် ရေကန်(၄)ကန်၊ မောင်တောမြို့နယ်တွင်  ရေကန် (၅)ကန်၊ ဘူးသီးတောင် မြို့နယ်တွင်  ရေကန်(၄) ကန်၊ ရသေ့တောင်မြို့နယ်တွင်  ရေကန်(၇)ကန်နှင့် သံတွဲမြို့နယ်တွင် ရေကန်(၄)ကန် တူးဖော်ပေး ခဲ့ရာ စုစုပေါင်း မြို့နယ်(၁၅) မြို့နယ်တွင် ရေကန် အရေအတွက် (၇၂)ကန် တူးဖော်ဆောင်ရွက် လျက်ရှိကြောင်းနှင့် မိုးရာသီမတိုင်မီ လုပ်ငန်းများပြီးစီးရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။