စက်မှုလက်မှုသင်တန်းကျောင်း

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း သမိုင်းအကျဉ်း

     ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၀၄) ဆုံးဖြတ်ချက်အပိုဒ်(၈)တွင် နယ်စပ်ဒေသရှိ လူငယ်လေးများအတွက် လက်သမား အတတ်၊ ပန်းရန်အတတ်၊ သံချည် သံကွေးအတတ်၊ အိမ်ပုံစံ ဆွဲခြင်း အတတ် စက်မှုလက်မှုအတတ်ပညာများ သင်ကြားပေးမည့် ကျောင်းများ တည်ထောင် ဖွင့်လှစ်သင်ကြားပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများ၏ ရည်ရွယ်ချက်

(က)   တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမို စည်းလုံး ချစ်ခင်လျက် ပြည်တောင်စုစိတ်ဓါတ် ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်၊
( ခ)   ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့  ခိုင်မြဲရေးတည်းဟူသော   ဒို့တာ၀န်အရေးသုံးပါးကို သက်၀င်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များ ဖြစ်လာ စေရန်၊
( ဂ)    နယ်စပ်ဒေသစက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်၊

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းများ၏သင်တန်းသား အင်အားစာရင်း

     နယ်စပ်ဒေသမှ အခြေခံပညာပြီးဆုံးသည်အထိ တက်ရောက်နိုင်ခြင်းမရှိသော တိုင်းရင်းသားလူငယ်များအား အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား ပေးသည့် စက်မှုလက်မှုသင်တန်းကျောင်း (၉)ကျောင်းဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကျောင်းတွင် လက်သမား၊ ပန်းရန်၊ သံချည်သံကွေး၊ အခြေခံ စက်ပြင်သင်တန်း၊ လျှပ်စစ်ဂဟေသင်တန်းများကို ၁နှစ်လျှင် ၃ကြိမ် ၁ကြိမ်လျှင် ရက်သတ္တ (၁၂)ပတ်သင်ကြားပေးပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တစ်ဖက်ပါအတိုင်း သင်တန်းသား(၈၃၂)ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပါသည်-

ဂျပန်နိုင်ငံ NGO အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

     Bridge Asia Japan (BAJ) နှင့်ပူးပေါင်း၍ အသက်မွေးမှုပညာလေ့ကျင့်ရေးကျောင်း (စက်ပြင်/အလုပ်ရုံ)ကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (စစ်တွေ)၌ ၂၀၀၁ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းမှ တိုင်းရင်းသားလူမျိုးများ ပရဟိတ (ကျား)ကျောင်း၊ ရန်ကုန်မြို့သို့ ၈.၃.၂၀၀၉ ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပြီး စက်ပြင်အတတ် ပညာသင်တန်း၊ လျှပ်စစ်ဂဟေဆက်သင်တန်း၊ အခြေခံလျှပ်စစ်နှင့် အီလက်ထရောနစ်သင်တန်းတို့ကို  သင်တန်းကာလ(၆)လ သတ်မှတ်သင်ကြား   လေ့ကျင့် ပေးလျက်  သင်တန်းတက်ရောက်  အောင်မြင်သူများအ