နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီးခြင်း

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ  ၃၀ ရက်

     နယ်စပ်ရေးရာ၀န်ကြီးဌာန၊ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိအမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ်သင်တန်းအား အိမ်တွင်းမှုသင်တန်းကျောင်း(၄၁)ကျောင်းတွင်  အခြေခံအိမ်တွင်းမှုသင်တန်းသူ(၂၃၂၆) ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းသူ(၈၁၉)ဦး၊သိုးမွေးစက်ဆွဲသင်တန်းသူ(၅)ဦး၊ အခြေခံလက်ရက်ကန်းသင်တန်းသူ (၃)ဦးနှင့် ရိုးရာဂျပ်ခုတ်သင်တန်းသူ(၃၃)ဦး၊ ဧည့်ကြိုသင်တန်းသူ(၅၀)ဦး၊ အိပ်ခန်းဆောင်သင်တန်းသူ(၅၀)ဦး၊ အစားအစာနှင့် အဖျော်ယမကာ၀န်ဆောင်မှုသင်တန်းသူ(၅၀)ဦး စုစုပေါင်း(၃၃၃၆)ဦးအား ၂၇-၅-၂၀၁၉ ရက်နေ့မှ ၃၀-၈-၂၀၁၉ရက်နေ့အထိ ရက်သတ္တ(၁၄)ပတ်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး အိမ်တွင်းမှု ပညာရပ်များကိုသင်ယူပြီးသည့်သင်တန်းသူ(၃၁၈၆)ဦးနှင့် အိမ်တွင်းမှုသင်တန်းကျောင်း (ပခုက္ကူ၊ပုသိမ်)တွင် ဟိုတယ်၀န်ဆောင်မှုဆိုင်ရာ စာတွေ့သင်တန်းပြီးမြောက်သည့် သင်တန်းသူ(၁၅၀)ဦးတို့အား သက်ဆိုင်ရာ သင်တန်းကျောင်းအသီးသီးတွင် သင်တန်းဆင်းပွဲအခမ်းအနားများ ကျင်းပပြုလုပ်ပြီး သင်တန်းဆင်းပေးနိုင်ခဲ့ ပါသည်။
     သင်တန်းဆင်းပွဲအခမ်းအနားများအနက် ပုသိမ်အိမ်တွင်းမှုသင်တန်းကျောင်း၏ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင် နှင့် ပူတာအိုအိမ်တွင်းမှု သင်တန်းကျောင်း၏ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးတို့ တက်ရောက်ခဲ့ကြပါသည်။
 

Post Paragraph