နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဆင်းပွဲတက်ရောက်

ရန်ကုန်၊ ဇူလိုင်  ၁၈  ရက်

  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဖြစ်သည့် ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်းအမှတ်စဉ်(၅)၊ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၂)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ်(၃၅)၊ စာရေးဝန်ထမ်း သင်တန်း အမှတ်စဉ်(၁၀၅) သင်တန်းများ ဆင်းပွဲအခမ်းအနားကို ဝန်ကြီးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၇၉)ဦးဖြင့် ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

     အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၉-၄-၂၀၁၉) မှ (၁၈-၇-၂၀၁၉) ရက်နေ့ထိ ရက်သတ္တ(၁၂)ပတ် ကြာမြင့်ခဲ့ပါသည်။