နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒီမော့ဆိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မတ်လ ၂၅ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၃ ဒသမ ၆၁၅ သန်းဖြင့် လိုဘာခိုကျေးရွာအုပ်စု၊ လိုဘာခို-ခူးပရာကျေးရွာချင်းဆက်ကျောက်ချောလမ်း ၇ မိုင်အနက် ၁ မိုင် ၂ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ Box Culvert ၅ စင်း ဆောက်လုပ် ခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်းပြီးစီးပါက ကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၅၆၁ အိမ်၊ လူဦးရေ ၃၂၈၇ ဦး အနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဒီမော့ဆို မြို့နယ်နှင့် လွိုင်ကော်မြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ ကူးလူးသွားလာနိုင်တော့မည်ဖြစ်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်ပါကြောင်းသိရှိရပါသည်။