နယ်စပ်ရေးရာဝန်ကြီးဌာနမှ သံဖြူဇရပ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

မတ်လ ၂၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၅၂၇ ဒသမ ၁၅၇ သန်းဖြင့် စခန်းကြီးကျေးရွာအုပ်စု စခန်းကြီး - အတွင်းစခန်းကြီး - ရဲတံခွန်လမ်း ၃ မိုင် ၂ ဖာလုံ အနက် ၂ မိုင် ကျောက်ခင်းခြင်း၊ ပယော်ဟဲ ကျေးရွာအဝင်လမ်း ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ဝဲကလိကျေးရွာအုပ်စု၊ ဝဲကလိ - အိုင်ရှည်လမ်း ၃ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရပါသည်။