နယ်စပ်ရေးရာဝန်ကြီးဌာနမှ တောင်ပေါ်ဒေသကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ဆောင်ရွက်ပေး

၂၀၂၀ နိုဝင်ဘာ ၁၁

            နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသတောင်ပေါ်ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ လမ်းပန်းဆက်သွယ်ရေးလုံ ခြုံချောမွေ့စေရေးအတွက် ကွမ်းလုံမြို့နယ်၊ ဟိုလီ- နမ့်ချင်းဟော် - နမ့်ကွမ်း - ကော်ကိုက်ထန် - တာပေါင်းလမ်းပိုင်းဖြစ်သော (၂၂/ ၄) မိုင်လမ်းအား ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၃၀.၆၅၀) ဖြင့် ဗြုံးကျောက်ခင်းခြင်း (၅) မိုင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ‌ရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၅၂.၂၆၀) ဖြင့် ဗြုံးကျောက်ခင်းခြင်း (၂/၀) မိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၄၃.၆၅၆) ဖြင့် ဗြုံးကျောက်ခင်းခြင်း (၅) မိုင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လမ်းအရှည်စုစုပေါင်း (၁၂) မိုင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

          အဆိုပါလမ်းပိုင်းအနက်မှ ကျန်ရှိသည့်လမ်း( ၁၀ / ၄ )မိုင်တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ဆက်လက်ဖောက်လုပ်နိုင်ရေး ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့်အဖွဲ့မှ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိသောလမ်းပိုင်းမှ ဗြုံးကျောက်ခင်းခြင်း (၅) မိုင်အား ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၄၆.၁၀၀) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် နယ်စပ်ဒေသတောင်ပေါ်ကျေးရွာများရှိ တိုင်းရင်းသား ပြည်သူများ ရာသီမရွေးအချိန်မရွေး သွားလာနိုင်တော့မည်ဖြစ်ပါကြောင်း ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရှိရပါသည်။