ပလောင်ငြိမ်းချမ်းရေးကုန်းတွင် စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉           

နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသရှိတိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာရေးအထောက်အကူပြုစေရေးအတွက် နယ်စပ်ဒေသများ၌ လိုအပ်ချက်ရှိသော စာသင်ကျောင်း များတွင် ကျောင်းဆောင်များတည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာရွာသစ် (ပလောင်ငြိမ်းချမ်းရေးကုန်း)တွင် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ စာသင်ကြားရာတွင် နေရာအခက်အခဲ မရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၁၁၄.၁၂၇) သန်းဖြင့် (၁၂၀' x ၃၀'  x ၁၂') RC ကျောင်းဆောင်သစ် (၁) ဆောင်အား အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ တည်ဆောက်ရေး လုပ်ငန်း၏ (၆၀%) ခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ကျောင်းဖွင့်ရာသီအမီ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။