ပြည်ထောင်စုအတွက် ထာဝစဉ်

ဒို့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက x x x
တိုင်းရင်းသားလူငယ်အချင်းချင်း ရင်းနှီးချစ်ကြည် x x x
နယ်စပ်ဒေသ x x တိုင်းရင်းသားလူငယ်များ
ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသည် x x x
လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို x x ရည်ရွယ်သည်
တိုင်းရင်းသားတို့လူငယ်များ x x x မျိုးချစ်စိတ်ရှင်သန်နိုးကြားသူများ
ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲတည်ကြည် x x
တို့မိခင်ကျောင်းက အမှာစကားနှင့်အညီ x x x
ရာသက်ပန်အတူမခွဲ x x ဥမကွဲသိုက်မပျက်
အေးအတူပူအမျှ ပူးပေါင်းနေထိုင် x x x
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်သည် x x x
'ပြည်ထောင်စုအတွက် ထာဝစဉ်'တေးသီချင်း၏ ပထမပိုဒ်ဖြစ်ပါသည်။ သီဆိုမှု ကြာမြင့်ချိန်က ငါးမိနစ်စွန်းစွန်းလေးရယ်သာ။ ဤမျှလောက်သော အချိန် အပိုင်း အခြားလေးအတွင်းမှာ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်းနှင့်ရန်ကုန်)၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းများနှင့် စပ်လျဉ်း၍ ဖွင့်လှစ်ရသော ရည်ရွယ်ချက်၊ ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းအမျိုးအစားများ၊ တစ်နေ့တာ လှုပ်ရှားမှု များကို ပေါ်လွင်စွာ ခံစားကြည့်ရှုနိုင်အောင် တည်းဖြတ်ဆောင်ရွက်ခြင်းငှာ မစွမ်းသာ သော်ငြား ထိုသီချင်းကို အရုပ်ပေါင်း ၁၄၅ ရုပ်ဖြင့် ကျွန်တော် ပြန်လည်တည်းဖြတ်၍ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသီချင်းကို လွန်ခဲ့သည့် ၁၂ နှစ်ခန့်အချိန်ကတည်းကပင် ဂီတစာဆို အလင်္ကာ ကျော်စွာ ဟင်္သာတဦးမြင့်ငွေက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာနအတွက် ရေးစပ်သီကုံးပေးထားခြင်းဖြစ်ပါသည်။ မူလအဆိုတော်များမှာ မည်သူတွေဖြစ်သည်ကို ကျွန်တော်မမေးမိတော့။ ပြီးခဲ့သည့်၂ဝ၁၆ ဒီဇင်ဘာလက နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၏ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးစဉ်အတွင်း ပင်းတယမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိစဉ် အဆိုပါ လူငယ်သင်တန်းကျောင်းသီချင်းကို လူငယ်အဆိုတော်များဖြင့် ပြန်လည်သီဆို အသံသွင်း၍ တည်းဖြတ်ပေးရန် ကျွန်တော့်အား တာဝန်ပေးခဲ့ပါသည်။ ထိုသီချင်း၏ မူလစာသားအချို့နှင့် အရုပ်အချို့မှာလည်း ပြန်လည်ပြင်ဆင်ရမည့် အခြေအနေ ရှိနေပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ပေါက်သေးချိန်က စပ်ဆိုထားခြင်းဖြစ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်နေရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ပြင်ဆင်ရမည်ဖြစ်သကဲ့သို့ ယခင်နိုင်ငံတော်အလံ ပါသော အရုပ်များကိုလည်း နိုင်ငံတော်အလံသစ်ပုံနှင့် အစားထိုးပြောင်းလဲပေးရန် လိုနေပြီဖြစ်ပါသည်။

သည့်အတွက် ဆရာဦးမြင့်ငွေကိုပင် အကူအညီတောင်းပြီး အပူကပ်လိုက်သည့် အခါ သီချင်းစာသားများကို ပြန်ပြင်ပေးရုံမျှမက သူ၏စီစဉ်ပေးမှုဖြင့် သားငယ်၊ သမီးငယ် တေးသံရှင်လေးများဖြစ်ကြသော အဆိုတော် ဝိုင်းလမင်းအောင်၊ မင်းခန့် ဘုန်း၊ စွမ်းထက်၊ မေသက်ထားဆွေ၊ ခင်လပြည့်ဝန်းတို့နှင့် အသံပြန်သွင်းပေးခဲ့သည်။ ယုဇန၊ မို့မို့ဇော်ဝင်းတို့၏ လူကြီးသံများကိုပါ ထပ်မံဖြည့်ပေးခဲ့ပါသည်။ ဆရာ့ထံမှ သီချင်းရပြီဆိုသောအခါ MRTV ၊ MWD တို့တွင် ထုတ်လွှင့်ပြသနိုင်ရေး အရုပ်တွေဆက်ပြီး Editing လုပ်ရန် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်နှစ်ခု၊ လူငယ်သင်တန်းကျောင်းများမှ မှတ်တမ်းဗီဒီယိုခွေများကို လှမ်း၍တောင်းရပါတော့ သည်။ လူငယ်သင်တန်းကျောင်းပေါင်း ၄၄ ကျောင်းရှိသည့်အနက် ၃၂ ကျောင်းမှ မှတ်တမ်း VCD များ ရခဲ့သည်။ အားလုံးကြည့်ပြီး စိတ်ကြိုက်အရုပ် မှတ်သားရခြင်း ကိုက အလုပ်တစ်ခုရယ်ပါ။ ငါးမိနစ်စာအချိန်လေးမှာ မိမိတို့ဝန်ကြီးဌာန၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ ပြည့်ပြည့်စုံစုံ ပြလိုက်ချင် ပါသည်။

လောဘကြီးမိသည်ဟုပဲ ဆိုကြပါစို့ရဲ့။
နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ်(၄၅)မှ သင်တန်းသား သင်တန်းသူများအား သြဝါဒြ>ွမက်ကြားသည့် အခမ်းအနား၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သမ္မတကြီးနှင့်ဇနီးတို့ သွားရောက်ကြည့်ရှု အားပေး ချီးမြှင့်ခဲ့သည့် ခရီးစဉ်၊ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၅ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပပြုလုပ်သော နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမှုများ၊ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) တို့အတွက် ကြည်း၊ ရေ၊ လေ တပ်မတော်သားများက ကွန်ပျုတာ၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားမှုများ၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက် သော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းဆင်းပွဲ အခမ်းအနားပုံများကိုပါ ဖော်ပြခဲ့ပါသည်။

နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော ကဏ္ဍသုံးခု ရှိပါသည်။ ၎င်းတို့ မှာ အဆင့်မြင့်ပညာရပ်များ သင်ကြားပေးခြင်း၊ အခြေခံပညာရပ်များ သင်ကြားပေး ခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ ဖြစ်ပါသည်။
အဆင့်မြင့်ပညာသင်ကြားခြင်းကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် မဟာပညာရေးဘွဲ့ နှစ်နှစ်သင်တန်းတွင် ၉၃ ဦး၊ မဟာဒသနပညာရေးဘွဲ့ တစ်နှစ်သင်တန်းတွင် ၃၅ ဦး၊ ပညာရေးဘွဲ့ ငါးနှစ်သင်တန်း တွင် ၃၄၅၄ ဦး၊ ဆရာအတတ်ပညာ ဒီပလိုမာ တစ်နှစ်သင်တန်းတွင် ၆၃၅ ဦး၊ အလယ်တန်းဆရာအတတ် တစ်နှစ်သင်တန်းတွင် ၉၅၆ ဦး၊ မူလတန်းဆရာအတတ် သုံးနှစ်သင်တန်းတွင် ၇၁၆၂ ဦး၊ အထူး မူလတန်းဆရာအတတ် တစ်နှစ်သင်တန်းတွင် ၄၆၁ ဦး၊ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၂၇၉၆ ဦးကို မွေးထုတ်ပေးနိုင် ခဲ့ပြီဖြစ်သည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း နှင့် ရန်ကုန်)တို့မှလည်း ဝိဇ္ဇာဘွဲ့ ၅၈၇ ဦး၊ သိပ္ပံဘွဲ့ ၁၄၂၈ ဦး၊ AGTIဒီပလိုမာ ၈၁၉ ဦးB.Tech ၁၃၅ ဦး၊ စုစုပေါင်း ဘွဲ့ရကျောင်းသား ၂၉၆၉ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အထဲမှ အဆင့်မီသူများကို မဟာသင်တန်းများသို့ တက်ရောက်စေကာ မဟာဝိဇ္ဇာဘွဲ့ရ ၈ဝ ဦး၊ မဟာသိပ္ပံဘွဲ့ရ ၁၅၃ ဦး၊ မဟာသုတေသနဘွဲ့ရ ၈၁ ဦး၊ ပါရဂူဘွဲ့ရ ၁၃ ဦး၊ME ဘွဲ့ရ ၅၇ ဦး မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းကဏ္ဍတွင် ပါဝင်သော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ခုနစ် ကျောင်းကိုလည်း ဖွင့်လှစ်၍ လက်သမား၊ ပန်းရံ၊ သံချည်သံကွေး၊ အိမ်ပုံစံများ ရေးဆွဲခြင်း၊ အခြေခံစက်ပြင်၊ အခြေခံယာဉ်ပြင်၊ အခြေခံ လေအေးပေးစက်ပြင်၊ အခြေခံ လျှပ်စစ်ဂဟေဆက် သင်တန်းများကို တစ်ကြိမ်လျှင် သင်တန်းသား ၆ဝ ဦး၊ သင်တန်းကာလ ၁၂ ပတ်ဖြင့် တစ်နှစ်လျှင် သုံးကြိမ်စီ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အဆိုပါသင်တန်းများတွင် သင်တန်းသားစုစုပေါင်း ၂၇၉၅ ဦး တက်ရောက်အောင်မြင် ခဲ့ပြီး ဖြစ်ပါသည်။

ထိုနည်းတူစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၃ ကျောင်း ဖွင့်လှစ်၍ အခြေခံအိမ်တွင်းမှု၊ အဆင့်မြင့်စက်ချုပ်၊ သိုးမွေးစက်ဆွဲ၊ အခြေခံရက်ကန်း၊ ကနုကမာကျောက်စီ၊ ကြိမ်နှင့်ဝါး လက်မှုပညာ၊ ဟင်းလျာချက်ပြုတ်နည်း သင်တန်း များကို တစ်ကြိမ်လျှင် သင်တန်းသူ ၇ဝ ဦး၊ သင်တန်းကာလ ၁၄ ပတ်ဖြင့် တစ်နှစ်လျှင် သုံးကြိမ်စီ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့အထိ သင်တန်းသူ ၇၂၇၂၉ ဦး တက် ရောက်အောင်မြင်ခဲ့ပြီးဖြစ်သည်။

အိမ်တွင်းမှုရွေ့လျား(Mobile) သင်တန်းများကိုလည်း ဒေသအလိုက် လိုအပ် ချက်များအရ ၈၆ ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းသူ ၄၉၄၂ ဦး သင်ကြားပေးနိုင်ခဲ့ ပြီးဖြစ်သည်။ အလုပ်အကိုင်အခွင့်လမ်းများ ဖော်ထုတ်ပေးနိုင်ရန်အတွက် အိမ်တွင်းမှု သင်တန်းကျောင်း အသီးသီးမှ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပြီးသူ များအား ဗဟိုလေ့ကျင့်ရေးကျောင်း၌ ခေတ်မီ မော်တာအထည်ချုပ်စက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ၁၆ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ ၁၉၄၅ ဦး တက် ရောက်အောင်မြင်ခဲ့သည့်အနက် ၁၉ဝ၁ ဦးအား ကျွမ်းကျင်ဝန်ထမ်းများအဖြစ် ပုဂ္ဂလိကအထည်ချုပ်စက်ရုံ ၂၂ ခုတို့တွင် ခန့်အပ်နိုင်သည်အထိ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီးဖြစ်သည်။
'ပြည်ထောင်စုအတွက်ထာဝစဉ်'ဆိုသည့် သီချင်းခေါင်းစဉ်အတိုင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ တိုင်းရင်းသားသွေးချင်းများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အလေးထားဆောင်ရွက်ရင်း ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ ထာဝစဉ် ရင့်သန်ခိုင်မာ ထွန်းကားပြန့်ပွားလာ အောင် မိမိတို့စွမ်းဆောင်နိုင်သည့်ဘက်မှ ကြိုးပမ်းတည်ဆောက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် စစ်မှန်သည့်ဖက်ဒရယ်ကို အခြေခံသော ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာစေရေးအတွက် စွမ်းအားတစ်ရပ်ဖြစ်လာ မည်ဟု အလေးအနက်ယုံကြည်မိပါကြောင်း။ ။

Post Paragraph