ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ (၄) ရပ်အနက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောက်ပါမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-

(၁)

နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး။

(၂)

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး။

(၃)

နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် (၇) ရပ်အနက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောက်ပါရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-

(၁)

နယ်စပ်ဒေသ၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကိုထိန်းသိမ်းရန်။

(၂)

နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်။

(၃)

နယ်စပ်ဒေသများတွင် ဘာသာ၊သာသနာ ထွန်းကားပြန့်ပွားစေရန်။

(၄)

တိုင်းရင်းသားလူငယ်များ မိမိဒေသ၏ ဖွံ့ဖြိုးရေးတာဝန်များကိုအသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်။

နယ်စပ်‌ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ် (၁၈) ရပ်ရှိသည့်အနက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-

(၁)

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ခြင်း။

(၂)

နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို နှစ်ရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း။

(၃)

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ အတည်ပြုချမှတ်ပေးထားသော နှစ်တို၊ နှစ်ရှည် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

(၄)

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

(၅)

နယ်စပ်ဒေသများ၏ အောက်ဖော်ပြပါ လူမှုစီးပွားဘ၀ အခြေခံအဆောက်အအုံများကို နှစ်အလိုက် စီမံကိန်းများဖြင့် တည်ဆောက်ပေးခြင်း-

(က)    လမ်းတံတားလုပ်ငန်း   

(ခ)     ရေရရှိရေးလုပ်ငန်း

          (၁၁)  စိုက်ပျိုးရေရရှိရေး။

          (၂၂)  သောက်သုံးရေရရှိရေး   ။

(ဂ)     လျှပ်စစ်ဓါတ်အားလုပ်ငန်း

          (၁၁)   ရေအားလျှပ်စစ်။

          (၂၂)   ဆိုလာစွမ်းအင်စနစ်။

(ဃ)    သာသနာရေးလုပ်ငန်း၊   

(င)     ငြိမ်းချမ်းရေးအတွက်တည်ဆောက်မှုလုပ်ငန်းများ

          (၁၁)   လမ်းတံတားလုပ်ငန်း။

          (၂၂)   ပညာရေးလုပ်ငန်း။

          (၃၃)   ကျန်းမာရေးလုပ်ငန်း။

          (၄၄)   အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း။

(၆)

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ချမှတ်ပေးခြင်း။

(၇)

တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ခြင်း။

(၈)

နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာထွန်ကားပြန့်ပွားရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

(၉)

ဘိန်းစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ပေးခြင်း။

(၁၀)

နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း။

(၁၁)

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းမျလူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခြင်း။