ရေးမြို့နယ်၌ သဘာဝဘေးကြောင့် ပျက်စီးခဲ့မှုများ ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ရေး မေ ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် တာဝန် ရှိသူများသည် ရေးမြို့နယ်အတွင်း ဆောင်ရွက် နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ၂၀၁၉ ခုနှစ် အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံး ခဲ့သော လုပ်ငန်းများအား ပြင်ဆင်ဆောင်ရွက် နေသောလုပ်ငန်းများနှင့် သံဖြူဇရပ်မြို့နယ် အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့က လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။

ရေးမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် ဖလံချောင်းဝ-ကျုံကွီး လမ်း (၂/၃)မိုင် ကျောက်ခင်းခြင်းနှင့် ၎င်း လမ်းပေါ်ရှိ ပေ ၆၀ ကွန်ကရစ်တံတား၊ ပေ ၈၀ ဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းများနှင့် သဘာဝဘေးကြောင့် ပျက်စီး ခဲ့သော ပေ ၂၄၀ ကွန်ကရစ်တံတား၊ ပေ ၁၂၀ ကွန်ကရစ်တံတား၊ ပေ ၁၀၀ ကွန်ကရစ် တံတား၊ ပေ ၉၀ ကွန်ကရစ်တံတား၊ ပေ ၆၀ ကွန်ကရစ်တံတား၊ ၁၀ ပေ ကွန်ကရစ်တံတား နှင့် ခြောက်ပေ Box Culvert ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများ၊ မဏိပူရ-ကျောက်တိုင် လမ်းပေါ်ရှိ ပေ ၄၀ ကွန်ကရစ်တံတားအသစ် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မေ ၂၃ ရက်တွင် သံဖြူဇရပ်မြို့နယ် အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံ ငွေဖြင့် ဆောင်ရွက်နေသည့် ဝဲကလိကျေးရွာ အောက်လမ်း ပေ ၁၅၀၀ ကတ္တရာခင်းခြင်း၊ ဘုရားလေးဆူ စာသင်ကျောင်းအဝင်လမ်း ပေ ၁၁၀၀ ကတ္တရာခင်းခြင်း၊ နှစ်ကိုင်းကျေးရွာ ရွာလယ်လမ်း ပေ ၄၂၀၀ ကတ္တရာခင်းခြင်း၊ ပဒံငံလေးကျေးရွာရှိ အဝင်လမ်း ပေ ၂၀၀၀ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွမ်သတ် ကျေးရွာ ဘုန်းကြီးကျောင်းအဝင်လမ်း ပေ ၁၂၀၀ ကတ္တရာခင်းခြင်းလုပ်ငန်းတို့အား ဆက်လက်စစ်ဆေးခဲ့သည်။

ရေး(ပြန်/ဆက်)