ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ၊ နယ်စပ်ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူနေမှုအဆင့် အတန်းမြင့်မားတိုးတက်စေရေးအတွက် ဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သောအကြောင်း အမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်/ ပြည်မ အကြားအလပ်မရှိစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ပေးရန် ဟူသည့် မဟာဗျူဟာအရ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၂၀၃၅ .၂၅၆) သန်းဖြင့် ဗြုန်းကျောက်၊ ကျောက်ချောလမ်းခင်းခြင်း (၁၄ /၄) မိုင်၊ ကွန်ကရစ်ခင်းခြင်း (၁/၀) မိုင်၊ (၅' × ' × ၂၆' )Box Culvert ( ၂၀ ) စင်း၊ အုတ်တံတိုင်းကာရံခြင်း( ၂ ) ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းလုပ်ငန်းများအနက်မှ ကုန်းကြမ်းမြို့နယ် တာရှန် - ရှန်ခိုက်ထန် - ဟိုဟွားထန် - မန်ကြိမ်း - လုံကန် - မန်ဟွေ - ဟယ်ရှောက် - ယွီထန် - မုံးဟောင်လမ်း (၃၀ / ၀) မိုင်အနက် ( ၁ / ၄ )မိုင်ကျောက်ခင်းခြင်းလုပ်ငန်းအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရ ပါသည်။