တောင်ပေါ်ဒေသကျေးရွာချင်းဆက်လမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဖောက်လုပ်ရန်ဆောင်ရွက်လျက်ရှိ

နိုဝင်ဘာ ၂၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နယ်စပ်ဒေသ တောင်ပေါ်ကျေးရွာချင်းဆက်လမ်းများအနက်၊ နမ့်ဆန်မြို့နယ် ဟူနန် - ကိုက်တိုင် ကျေးရွာချင်းဆက် လမ်းအား နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ လမ်းပန်းဆက် သွယ်မှုကောင်းမွန်စေရေး အတွက်၊ မြေသားလမ်း (၅/၀) မိုင်နှင့် ၎င်းလမ်းပေါ်ရှိ လိုအပ်သော တောင်ကျချောင်းရေစီးဆင်းမှု နေရာများတွင်  (၅×၅×၂၆) ပေ Box Culvert (၁၂) စင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်( ၂၆၂.၂၇၈ ) သန်းဖြင့်  အပြီးဖောက်လုပ်မည်ဖြစ်ကြောင်းနှင့် ယခုအခါ ( COVID – 19) ကာလအတွင်း ဖြစ်သော်လည်း လုပ်ငန်းများ အချိန်မီပြီးစီးရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်သားအင်အား အနည်းဆုံးဖြင့် အသုံးပြုကာ စက်ယန္တရားကြီးများဖြင့် လုပ်ငန်းများစတင်ဆောင်ရွက်လျက် ရှိပါကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။