ဝိုင်းမော်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများအား ကျောက်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်

မတ်လ ၂၉ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၁ သန်းဖြင့် စင်ကြိုင်-ဂူခန် ကျေးရွာချင်းဆက် လမ်းပိုင်း တွင် ၁ မိုင် ကျောက်လမ်းခင်းခြင်း၊ ၅'x၅' Box Culvert ၄ စင်း၊ Pipe Culvert ၃ စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးလွင်နှင့်အဖွဲ့မှ ယနေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါလမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံ ကျေးရွာပေါင်း ၁၀ ရွာ၊ အိမ်ထောင်စု ၃၄၆ စုနှင့် လူဦးရေပေါင်း ၂၇၅၂ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများ ပိုမို အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။