နေပြည်တော် ဇွန်လ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ၀မ်တောင်း-နမ့်မုတ်ရွာသွားလမ်းပေါ်ရှိ နမ့်လွေချောင်းကူးသံကူကွန်ကရစ် တံတား (၁၀၀) ပေ ဖွင့်ပွဲအခမ်း အနားအား ယနေ့နံနက် (၉) နာရီအချိန်တွင် အဆိုပါ တံတားသစ် မုခ်ဦးနေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါနယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုမှတံတားဆောက်လုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူလူထု ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မိုင်းခတ်စစ်ဗျူဟာအခြေချဗိုလ်မှူးကြီးနေထွဋ်ဦး၊ မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် တို့က တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တံတားသစ်အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။