အာစီတစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဖေဖော်ဝါရီလ ၁၇ ရက်
  ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျောက်စုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ကြီးကြပ်မူ၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေရှင်း စေတနာအဖွဲ့တို့၏ ကူညီပံပိုးမှု၊ ကျောက်စု၊ ကိုးလုံးကျေးရွာ မိဘပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ်ခဲ့သော ပေ ၉၀၊ ပေ ၃၀ အာစီတစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပသည်။
  အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
   ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့၏ စီမံကိန်းဒါရိုက်တာက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားသည်။
  ထို့နောက် စေတနာအဖွဲ့နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော်မတီမှ ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ မြို့နယ် ပညာရေးမှူးက လက်ခံရယူသည်။ ဆက်လက်ပြီး ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ကာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ လူထုဖွံဖြိုးရေး ကော်မတီထံသို့ ရန်ပုံငွေများပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ 

Post Paragraph