ပခုက္ကူ အောက်တိုဘာ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အောက်တိုဘာလ ၂၇ ရက် နံနက်၁၀နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ် စဉ်(၁၁)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင် က အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းဆိုင်ရာသမိုင်းကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစား၊ အကြိမ်ရေနှင့်သင်ကြားပို့ချပေးသည့်ဘာသာရပ်များ အကြောင်းတို့ကို Power Pointဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများကသင်တန်းသုံးပစ္စည်းများ၊ သင်တန်းသူများကိုယ်တိုင်ချုပ်လုပ် ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများခင်းကျင်းပြသထားမှုများကို ကြည့်ရှု အားပေးကြသည်။
အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးနိုင်ရေး၊ မြို့ပြနှင့်ကျေးလက်လူနေမှုအဆင့်အတန်းကွာဟမှုကျဉ်းမြောင်းစေရေး၊ ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း သူ ၃၀ ဦးအား ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၂၇ရက်မှ ၂၀၂၆ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချပေးသွားမည်ကြောင်း သိရသည်။