အောင်ပန်း၊ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင် ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၌ အောက်တိုဘာလ ၁၅ ရက်က လျှပ်စစ် သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဥ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဥ်(၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသားအချင်းချင်းပိုမိုစည်းလုံး ချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊ စက်မှုလက်မှုပညာရပ်များ တက်မြောက်ပြီးပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြန်လည်ဆောင်ရွက်နိုင်စေရန်၊ နယ်စပ် ဒေသစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများကို သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းကို ယခုဘဏ္ဍာနှစ်တွင် ပထမအကြိမ်အဖြစ် သင်တန်းသား ၃၀ ဦးအား မေလ၂၀ ရက်မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲကျင်းပ
Post Paragraph
Paragraph Images