အောင်ပန်းမြို့၌ စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကျင်းပ

ကလော   မတ်  ၂၇
    ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း အောင်ပန်းမြို့၌ ယမန်နေ့နံနက်ပိုင်းက စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲများကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 
    ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းဆင်းအမှာစကားပြောကြား ပြီး စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းဆင်းအောင်လက်မှတ် များကို ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ပေးအပ်ချီးမြှင့်သည်။
    ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သင်တန်းသား သင်တန်းသူများ နှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 
    အဆိုပါ သင်တန်းကျောင်း၌ စက်မှုလက်မှုအခြေခံသင်တန်းတွင် လျှပ်စစ်သင်တန်း၊ ဂဟေ သင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား ၃၀ ဖြင့်လည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် အစားအစာနှင့်အဖျော်ယမကာ သင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းတို့ကို သင်တန်းသူ ၂၀ ဖြင့်လည်းကောင်း သင်တန်းကာလ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph