ဇွန်၇ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး(Y-8) လေယာဉ်၌ပါရှိသွားသည့်စစ်သည် မိသားစုများနှင့်လေယာဉ်အမှုထမ်းများအတွက် ထောက်ပံ့ငွေများကိုကာကွယ်ရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့က ထောက်ပံ့ငွေများလာရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဌမန်းဝင်းခိုင်သန်းက ထောက်ပံ့ငွေကျပ်သိန်း၅၀ကို မွန်းလွှဲ၃နာရီခွဲတွင်လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုုပ်ကြီးစိန်ဝင်းကလက်ခံယူသည်။
အလားတူပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကထောက်ပံ့ငွေကျပ်သိန်း ၁၀၀ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ တို့ကို လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းလက်ခံခဲ့ကြောင်းသတင်းရရှိပါသည်။