February 2022

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကွတ်ခိုင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်း ၊ ဆန် ၊ ဆီ ၊ ပဲများ ဆပ်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၇
    ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်ရှိ ရွှေကမ္ဘာအေးစေတီ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်း ၊ ဆန် ၊ ဆီ ၊ ပဲများဆက်ကပ်လှူဒါန်းခြင်းကို ကွတ်ခိုင်မြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွတ်ခိုင်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ ၁၆ ရက်တွင် သွားရောက်လှူဒါန်းခဲ့သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်းများတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်   ဖေဖော်ဝါရီ ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃၆ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်‌မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၀ ကျောင်းတို့၌    မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို  သင်တန်းကျောင်း အသီးသီးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၁၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ်ဖြိုးသန့်၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
    ဦးစွာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသည့် အသင်းများကို ဆုများပေးအပ်ကြသည်။

standard

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ လပွတ္တာအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့ပေးမည့်စီမံကိန်း (Capacity Building Support for Mechanical Training School for National Youths in Border Areas in Labutta)

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swisscontact တို့ပူးပေါင်း၍ အမေရိကန်‌ဒေါ်လာ ၀.၁ သန်းဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၁ နှစ်သက်တမ်းရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ လပွတ္တာအတွက် စွမ်းရည်မြှင့်တင် ရေးဆိုင်ရာအထောက်အပံ့ပေးမည့်စီမံကိန်းအား ၁၁-၉-၂၀၁၈ ရက်နေ့တွင် သဘောတူညီမှုစာချွန်လွှာ လက်မှတ်‌ရေးထိုးခဲ့ပါသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်ကြားရေးဆရာ၊ ဆရာမများအား အင်္ဂလိပ်စာ စွမ်းရည်မြင့်မားရေးအတွက် English for Education College Trainers (EfECT) သင်တန်းဖွင့်လှစ်ခြင်း စီမံကိန်း (English for Education College Trainers Project)

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဗြိတိန်နိုင်ငံ၊ British Council တို့ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ မေလမှ ၂၀၁၆ ခုနှစ် ဩဂုတ်လအထိ ၁ နှစ် ၄ လသက်တမ်းရှိ English for Education College Triners (EfECT) သင်တန်းဖွင့်လှစ်ခြင်းစီမံကိန်းအား ၁၉-၆-၂၀၁၅ ရက်နေ့တွင် သဘောတူညီမှု စာချွန်လွှာ လက်မှတ်‌ရေးထိုးခဲ့ပါသည်။

standard