June 2022

တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး(ထားဝယ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး(ထားဝယ်)၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ဆန်းချီရပ်ကွက် ဦးစီးအရာရှိ နှစ်ခန်းတွဲနှစ်ထပ် ဝန်ထမ်း အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ ၁၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၏ (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

standard

ဗဟိုလေ့ကျင့်ရေးကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇွန်လ ၁၄ ရက်
    ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ၅၁ရပ်ကွက်၊ မြဝတီမင်းကြီးလမ်း နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းဝင်းအတွင်း၌ နံနက် ၀၇း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 

standard

နှလုံးလှ ကျောင်းတော်များ

   “မောင်တို့၊ မယ်တို့......
    မိမိပညာရပ်တွေကို
    မိမိသေချာလေ့လာဆည်းပူးသင်ကြားကြပါ။
    ပညာမပြည့်စုံ၊ ဗဟုသုတမရှိရင်
    ကိုယ့်ရဲ့အတတ်ပညာက ဘယ်သူ့ကိုမှကောင်းကျိုးမပြုဘဲ
    မင်းတို့တွေဟာ “မယ်သုည၊ မောင်သုည” တွေ ဖြစ်လာလိမ့်မယ်။
    မယ်သုည၊ မောင်သုညတွေ
    တိုင်းပြည်တာဝန်ထမ်းရင်တော့
    ငါတို့တိုင်းပြည် ခါးကျိုးလိမ့်မယ်....။”

standard