လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့လှူဒါန်း
လွိုင်လင်၊ စက်တင်ဘာ ၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးနှင့် အခြားဘာသာရေး ကျောင်းများတွင် လည်း ကိုဗစ်ကာလ ကြိုတင်ကာကွယ်မှုလုပ်ငန်းများဆောင်ရွက်စဉ် စားသောက်ရေးကိစ္စများ အဆင်ပြေ စေရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများအား ဒေသအလိုက် ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။