October 2022

လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)၌ အောက်တိုဘာ ၂၃ ရက်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာလ ၂၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဆက်ကပ်လှူဒါန်းဆောင်ရွက်လျက်ရှိသည်။

standard

မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ထောက်ပံ့လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာလ ၂၂ ရက်
    နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း ဆွမ်း၊ ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးနှင့် အခြားဘာသာရေးကိစ္စများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာလ  ၂၁ ရက်   
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

standard