March 2024
မိုင်းဆတ်မြို့နယ် သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ ဒသမ ၁၉၄ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှုကို မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်တာဝန်ရှိသူများက မတ် ၂၀ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ထိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၃၇ ဒသမ ၈၁၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ် မြို့နယ် ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွှေဂူကြီးဘုရားအဝင်လမ်းမှ ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၁၃၈ ဒသမ ၃၈၀ သန်းဖြင့် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်ရှိ ရွှေဂူကြီးဘုရားအဝင်လမ်းနေရာမှ ပြင်ရွာတိုက်နယ် နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းမှာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ချီးမြှင့်
မော်လမြိုင် မတ် ၁၉
၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနားနှင့် ပြည်နယ် ဂုဏ်ထူးဆောင် ဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ချီးမြှင့်သည်။