June 2024

နေရပ်ပြန်အရေးနှင့် မြန်မာနိုင်ငံအတွက် အမှန်တရား

အမှန်တရားနှင့်ပတ်သက်၍ မပြောင်းလဲသော အမှန်တရားတစ်ခုမှာ တည်တံ့ခိုင်မြဲခြင်းပင် ဖြစ်သည်။ မုသားက မည်မျှပင်အားကြီးပါစေ၊ မုသားမည်မျှပင် ခွန်အားပြင်းပြင်း လွှမ်းခြုံထားပါစေ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် အမှန်တရားဆိုသည်မှာ မှောင်မိုက်မှုအကြားမှ ငွားငွား စွင့်စွင့် ထွက်ပေါ်လာသည့် သူရိန်နေမင်းကြီးကဲ့သို့ပင် ပေါ်ထွက်လာကာ မုသာဝါဒတို့ လွင့်စဉ် ရစမြဲ။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်   ဇွန်  ၂၄
 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)၌ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

standard

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဇွန် ၂၄
   မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ၍ မိန့်ခွန်းပြောကြားသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊  ဇွန်လ  ၂၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများအား နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်း အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

standard