ရန်ကုန် ၂၀၁၇ ခုနှစ်၊ မေလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း တွင် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၆၆)၊ အဆင့်မြင့်စက်ချုပ်နည်းပြ သင်တန်းအမှတ်စဉ် (၃၁)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၉၈)နှင့် လက်ကိုင်ဖုန်းပြုပြင်နည်း သင်တန်း အမှတ်စဉ်(၁) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို (၈-၅- ၂၀၁၇) ရက်နေ့၊ တနင်္လာနေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အဆင့်မြင့်) ဦးအောင်ကျော် တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၆၆) သင်တန်းမှ သင်တန်းသား(၆၀)ဦး၊ အဆင့်မြင့်စက်ချုပ်နည်းပြ သင်တန်း အမှတ်စဉ်(၃၁)မှ သင်တန်းသူ (၂၀)ဦးနှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၉၈)သင်တန်းမှ သင်တန်းသား(၅၀)ဦး၊ လက်ကိုင်ဖုန်း ပြုပြင်နည်း သင်တန်း အမှတ်စဉ် (၁)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၃၂)ဦး၊ ခေါင်းဆောင်မှု စွမ်းရည်တိုးမြှင့်ရေးသင်တန်း အမှတ်စဉ် (၃)မှ သင်တန်းသား၊ သင်တန်းသူ (၄၀)ဦး၊ ဧည့်သည်တော်များ၊ နည်းပြ ဆရာများနှင့် ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ဝန်ထမ်းအင်အား ပေါင်း (၆၃)ဦး၊ စုစုပေါင်း (၂၆၅)ဦးတို့ တက်ရောက် ခဲ့ကြောင်းနှင့် သင်တန်း များကို(၈-၅-၂၀၁၇) ရက်နေ့မှ (၂၈-၇-၂၀၁၇)ရက်နေ့ အထိ ရက်သတ္တ(၁၂) ပတ်ကြာနှင့် လက်ကိုင်ဖုန်းပြုပြင်နည်းသင်တန်းကို (၈-၅-၂၀၁၇)ရက်နေ့မှ (၁၆-၆-၂၀၁၇) ရက်နေ့အထိ ရက်သတ္တ (၆)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။