နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း မြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၁၄၉ ဒသမ ၅၉၄ ကျပ်သန်းဖြင့် ပင်းတယမြို့နယ် သစ်အယ်ပင်-ထယ်သွန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာ၊ လူဦးရေ ၃၆၂၄ ဦးတို့၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် များစွာဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။