
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ဗျူဟာလမ်းမှ မှန်ပင်ကျေးရွာသို့ ဆက်သွယ်ထားရှိသည့် ဗျူဟာ-မှန်ပင် မြေသားလမ်း ၂ မိုင် လမ်းအဆင့်မြှင့်တင်၍ အမာခံလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၃၅၀၉ စု၊ လူဦးရေ ၂၀၆၀၆ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍများတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


