ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသမှ ဒေသထွက် စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ရာတွင် အရေးကြီးသည့် ကုန်ထုတ်လမ်းအဖြစ် အသုံးပြုလျက်ရှိသော ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၈၅ ဒသမ ၅၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
    အဆိုပါလမ်းဖောက်လုပ်ခြင်းကြောင့် ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံကျေးရွာနှင့် ညောင်ချိုင်းကျေးရွာများအပါအဝင် ယင်းလမ်းကို အသုံးပြုလျက်ရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများအတွက် များစွာဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
 

Post Paragraph