ချောင်းဆုံမြို့နယ် ဒရယ်-တောင်စွန်း ကျေးရွာချင်းဆက်လမ်းနှင့်တံတားများ ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၁၄ ဒသမ ၆၃၈ သန်းဖြင့် ဆောင်ရွက်ခဲ့ သော မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒရယ်-တောင်စွန်း ကျေးရွာချင်းဆက်လမ်း ၈၂၈၂ ပေ ဂဝံလမ်းနှင့် အဆိုပါလမ်းပေါ်တွင် ရှစ်ပေ Box Culvert ခြောက်စင်း၊ ပေ ၄၀ ကွန်ကရစ်တံတား တစ်စင်း၊ ပေ ၃၀ ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများမှာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးကြသည်။
   နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်း စသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၂၄၈၃ ဒသမ ၂၆၄ သန်းဖြင့် အကောင်အထည်ဖော် ‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph