ချောင်းဆုံမြို့နယ်၊ ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖွင့်လှစ်

ချောင်းဆုံမြို့နယ်၊ ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖွင့်လှစ်
    နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ်၊ ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး
    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် မွန်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးသည် အဓိက အရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခြင်းဖြင့် ဒေသထွက် ကုန်များ အဆင်ပြေချောမွေ့စွာပို့ဆောင်နိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်မာရေး၊ လူမှုရေးကိစ္စရပ် များအတွက် များစွာအထောက်အကူပြုစေမည့်အပြင် ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌ရေး ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
    ထို့နောက် ဒေသခံပြည်သူတစ်ဦးက ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖောက်လုပ် ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးတို့က ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး
    အဆိုပါလမ်းသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၁၄ ဒသမ ၆၃၈ သန်း ကျခံအသုံးပြုဆောင်ရွက် ခဲ့သည် ၈၂၈၂ ပေ ဂဝံ/ကျောက်ရော မြေသားလမ်းဖြစ်ပြီး ရှစ်ပေ Box Culvert ခြောက်စင်း၊ ပေ ၄၀ ကွန်ကရစ်တံတားတစ်စင်းပါဝင်သည်။ ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖောက်လုပ်ပြီးစီး ခဲ့သည့်အတွက် ကလွီ၊ ဒရယ်၊ ဒေါင်းဥ၊ တောင်စွန်းနှင့် ကမာမိုးကျေးရွာများရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph