၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၈၁ ဒသမ ၅၀၉ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်အုပ်စု၊ ယန်းလုံ-ဝမ်ဖြတ်-ဟိုနားကျေးရွာ ကျေးရွာချင်းဆက်လမ်း ၇/၂ မိုင်အနက် ၅/၁ မိုင် ဆောင်ရွက်ပြီး ကျန် ၂/၁ မိုင်အား မူလလမ်း ၁၀ ပေအကျယ်မှ ၂၆ ပေအကျယ် မြေသားလမ်းတိုးချဲ့ခြင်း၊ ဖြုန်းခင်းခြင်းနှင့် Box Culvert ခုနစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူများက မတ် ၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၉၅၉ ဒသမ ၁၈၆ သန်းဖြင့် မြေသားလမ်း၊ မြေသားတိုးချဲ့ခြင်း၊ ဖြုန်းခင်းခြင်း၊ ကျောက်လမ်း၊ ကျောက်လမ်းပြင်ထိန်း၊ ကွန်ကရစ်လမ်း၊ ကွန်ကရစ်တံတား၊ ဘေလီတံတား၊ ကြိုးတံတား၊ Box Culvert များ၊ Pile Culvertများ၊ ကျောက်စီရေမြောင်း၊ မြေထိန်းနံရံ၊ သာသနာရေးလုပ်ငန်းများကို အရည်အသွေး ပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။