ကလောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကလောမြို့နယ် က‌လောမြို့ ရပ်ကွက်(၈)မှ တာယော-ရွာသစ် -‌ညောင်တုန်း-ရွှေမင်းဖုန်းဘုရား-အလယ်ရွာ-ဆော်တောရွာ-တောင်ပဲ့ကျေးရွာချင်းဆက်လမ်း ၂ မိုင်ကျောက်ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ၃၃ ဒသမ ၃၅၂ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာ ကိုးရွာမှ လူဦးရေ ၄၉၇၂ ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။ 
  နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၀ မိုင် ၆ ဖာလုံ၊ အာမခံလမ်း ၃ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၂၅ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်တံတား ၁၂ စင်း၊ Box Culvert ၁၅၆ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်း လေးခု၊ ကျောက်စီရေမြောင်းလုပ်ငန်း သုံးခု၊ မြေထိန်းနံရံလုပ်ငန်း တစ်ခု၊ အုတ်ခြံစည်းရိုးကာရံခြင်း တစ်ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း လေးတွင်း၊ တန်ဖိုးနည်းအိမ်ရာ တစ်လုံး၊ သာသနာရေးလုပ်ငန်း ၁၇ ခုနှင့် ဦးစီးဌာနလုပ်ငန်း သုံးခုကို စုစုပေါင်း ရန်ပုံငွေ ၁၁၂၃၆ ဒသမ ၉၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 

Post Paragraph