လွိုင်ကော် မတ် ၂၆
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊အမျိုသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲသို့ တက်ရောက်၍ အမှာစကားပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူ တစ်ဦး အား အပ်ချုပ်စက်တစ်လုံး ဂုဏ်ပြုချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သင်တန်းသူများ၏ အိမ်တွင်းမှုလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Post Paragraph
Paragraph Images